Jan 21, 2018 10:55:21
Search    Advanced Search
Browse
Terms & Conditions
သင်သည် ဈေးပြိုင်ပွဲ ၏ အဖွဲ့ ဝင် ဖြစ် လာ လျင် Nippon Stars ၏ စည်းကမ်း အချက်အလက် ဟူသမျှ ကို လိုက် နာ ရပါ မည်။

စည်း ကမ်း နှင့် လိုက် နာ ရန် အချက် များ

သင်သည် ကုန်စည်နှင့် ၀န်ဆောင်မူများကို ကျွန်ုပ်တို့ Nippon Stars ဈေး ပြိုင် အဖွဲ့ ဝင် ဖြစ် လာ ပြီး နောက် ဈေးပြိုင်စနစ် တွင် ပါဝင် ၀ယ်ယူ၊ရောင်းချ နိုင် ပါသည်။ သင် ရောင်း ချသော ကုန်စည် နှင့် ၀န်ဆောင်မူ အတွက် သင် ကိုယ် တိုင် အာမ ခံ နိုင် ပြီး ၀ယ်သူ များ ကို ထင်ရှား မြင်သာ အချက် အလက် နဲ့ ဆိုင် ရာ ပုံ များ ကို တင်ပြရပါမည်။ ထို့ အပြင် သင် သည် ကုန်စည် ၏ အပြစ်အနာ အစာ ဟူ သမျှ ကို ၀ယ် သူ အပေါင်း သိ မြင် အောင် သော်လည်း ကောင်း၊ ဈေးပြိုင် ပေး သူ အပေါင်း သိ မြင် အောင်သော် လည်းကောင်း ထင်ရှား စေ ရပါမည်။ သင် ၏ ရိုး သားမူ ဟာ သင်ထံမှ ၀ယ်ယူ သူ အား လုံး အတွက် အဓိက မှတ် ချက် ဖြစ် ပါ လိမ့် မည် ။

ဈေးပြိုင် စနစ် တွင် ပါ ၀င်သော ကုန်စည်နှင့် ၀န်ဆောင်မူ တို့ သည် တိကျသေချာ ပြီး မှန် ကန် ရပါ မည်။ အကယ်၍ အတုအယောင်များ သော်လည်းကောင်း၊ သံသယကို ဖြစ်စေသော အချက်အလက်များ သော်လည်း တွေ့ မြင် သိရှိ ပါ က Nippon Stars ဈေး ပြိုင် စနစ်မှ ထို ကုန်စည် နှင့် ၀န်ဆောင်မူ ကို ကမ်းလှမ်းသော အဖွဲ့ ဝင်အား ပယ်ဖျက်ခြင်း (သို့ ) ကန့် သတ်ခြင်း စသော ဆောင်ရွက် မူ များကို ပြုလုပ် ရပါလိမ့် မည်။

ꩵနေရာတွင် ဖော်ပြထားသော အချက်အလက်များ ကို Nippon Stars ဈေးပြိုင် စနစ် မှ အချိန်မရွှေး ပြုပြင် ပြောင်းလဲပိုင်ခွင့် ရှိပါ သည်။ ရောင်း ချသော ကုန်စည်နှင့် ၀န်ဆောင်မူများ နှင့်သော်လည်းကောင်း၊ ဈေးပြိုင် ဆွဲ ယူ သော ကုန်စည်နှင့် ၀န်ဆောင်မူများ နှင့် သော်လည်း အကျိုး သက်ရောက်မူအား လုံး သည် ရောင်း သူ နှင့် ၀ယ်ယူ သူ (သို့ ) ဈေးပြိုင် ကမ်းလှမ်း သူ တို့ နှင့် သာ လုံး ၀ သက် ဆိုင် စေ ရ မည်။ ဖြစ် လာ နိုင်သော အကြောင်း အရာ ငြင်းဆို မူ ၊ ပြ သာနာ ဟူ သမျှ တို့ သည် ရောင်း သူ (သို့ ) ၀ယ်သူ (သို့ ) ဈေး ပြိုင် ကမ်း လှမ်း သူ တို့ နှင့် သာ သက် ဆိုင် ပြီး Nippon Stars ဈေး ပြိုင် စနစ် ကို စီမံ သော အဖွဲ့ အစည်း များ နှင့် လုံး ၀ သက် ဆိုင် မူ မရှိ သလို ၊ တာ ၀န် ယူ ဖြေ ရှင်း ပေး မည် လည်း မဟုတ် ပါ။